📦 စနစ်ဒေတာနှင့် ဈေးနှုန်းအလုပ်လုပ်ပုံ Bag System
Total Bag ပြန်တွက်
ဒေတာအဟောင်းသိမ်း
စနစ်ပုံမှန်ဖြစ်
🗃️ BAG လဲများလာပြီ ဒေတာ တွေကို Live စစ်စရာမလိုဘူး သက်တမ်းတိုးခလဲ 3 သိန်း ထက် မပိုချင်ဘူး ဆိုရင် ဖြေရှင်းနည်းအဆင့်ဆင့်
Customer Support ထံ ဆက်သွယ်ပြီး “system restart with archive old data” တောင်းဆိုပါ။ ကျွန်ုပ်တို့က အဟောင်း transaction များကို archive ပြုလုပ်ပေးပြီး active system တွင် လက်ကျန်၊ quote no. နှင့် လတ်တလောအချက်အလက်များသာ ကျန်ရှိစေမည်။
Restart ပြီးနောက် စနစ်က လက်ရှိ data ပမာဏအလိုက် လိုအပ်သော Bag အရေအတွက်ကို အလိုအလျောက် ပြန်တွက်ပေးပါသည်။
Restart လုပ်ပြီးနောက် လက်ရှိ ကုန်ပစ္စည်းလက်ကျန်၊ Customer စာရင်း၊ Supplier စာရင်းနှင့် နောက်ဆုံး Product Code အားလုံး မပျောက်ပါ။ လိုအပ်ပါက ကျွန်ုပ်တို့က adjustment ထပ်မံလုပ်ပေးပါမည်။
💬 အမေးများသောအချက်များ (FAQ)
❓ ကြာလာရင် ဒေတာတွေ များလာရင် သက်တမ်းတိုးခ ပိုလာနိုင်သလား
✅ ပိုလာနိုင်ပါတယ်။ သင့်မှာ ကိုင်ထားတဲ့ ဖုန်းတစ်လုံး သို့မဟုတ် သင်အသုံးပြုနေတဲ့ အီးမေး တစ်ခုလို နမူနာထားနိုင်ပါတယ်။ အွန်လိုင်း Cloud မှာ အလုပ်လုပ်သည့်အတွက် ဒေတာ သိမ်းဆည်းမှုအပိုင်းမှာ အကန့်အသတ် ရှိပါတယ်။ လက်ရှိ ကျွန်ုပ်တို့မှာ အရောင်း Item တစ်သိန်းကို 1 Bag (၃၀၀,၀၀၀) ကျပ် ဖြင့် အလုပ်လုပ်နေကျပါတယ်။
သင့်ဒေတာတွေ ပိုများလာရင် သက်တမ်းတိုးသည့်အခါ ပိုကုန်ကျနိုင်ပါတယ်။
❓ ဘယ်လို လူအမျိုးအစားတွေ ဒေတာကို ရေရှည်သိမ်းဆည်းလေ့ရှိသလဲ။
✅ အမျိုးမျိုးရှိနိုင်ပါတယ်။ မိမိဒေတာကို အမြဲချိတ်ဆက်ပြီး သုံးနေရသည့်သူများ၊ စာရင်းဇယားများကို အမြဲ Report ယူနေရသူများ၊ ဒေတာအတွက်ငွေကြေး တက်နိင်သူများ...
ထိုသူများသည် ဒေတာကို ရေရှည် အများအပြား Cloud ပေါ်တွင် သိမ်းဆည်းနိုင်ပါတယ်။
❓ ပြန်သွင်းတဲ့အခါ လက်ရှိ Product Code နဲ့ လက်ကျန်အရေအတွက်တွေ ရှိနေဦးမှာလား။
✅ ဟုတ်ကဲ့၊ ကျန်ရှိနေမှာပါ — စနစ် Restart လုပ်ပါက လက်ကျန် (stock)၊ Customer/Supplier list, လက်ရှိ quote နံပါတ်များ အားလုံးအတိုင်းရှိနေပြီး ဒေတာအဟောင်းများ (transaction history အဟောင်း) ကိုသာ ဖယ်ရှားခြင်းဖြစ်ပါသည်။
❓ အစကနေ System ကိုပြန် run ရမှာလား။
✅ မလိုအပ်ပါ။ လက်ရှိသုံးနေကျအတိုင်း ဆက်သုံးနိုင်ပြီး၊ နောက်ခံ database ကို ကျွန်ုပ်တို့စီမံပေးပါမည်။
❓ ဒေတာတွေ Restart လုပ်ရင် ဘာတွေ ပျက်ကုန်မှာလဲ နောက်ဆုံးကုန်လက်ကျန်စာရင်းအတိုင်း ကျန်မှာလား။
✅ နောက်ဆုံးကုန်လက်ကျန်စာရင်းအတိုင်း ကျန်ပါသည်။ နောက်ဆုံး ကုန်လက်ကျန်စာရင်းအတိုင်း Opening Stock ဖြင့် ထည့်သွင်းပေးပါသည်။ ဖယ်ရှားမည့်အရာများမှာ၊
၁၊ အရောင်းစာရင်း
၂၊ အဝယ်စာရင်း
၃၊ Transfer (လွဲပြောင်းမှုစာရင်း)
၄၊ ကုန်ချိန်ညှိစာရင်း
၅၊ ကုန်ပျက်စီးမှုစာရင်း
၆၊ openStock စာရင်း
မှတ်ချက်၊ အရောင်းစာရင်း/အဝယ်စာရင်း များ ဖျက်ပါမည် သဖြင့် Customer/Supplier နှင့် သက်ဆိုင်သော ငွေစာရင်းများ ပျက်ပါမည်
❓ “ဒေတာအပိုတွေထွက်လာအောင်” ဆိုတာ ဘာကိုဆိုလိုတာလဲ။
✅ ဆိုလိုသည်မှာ — အသုံးများသော အဟောင်းများကို backup သို့မဟုတ် archive ပြုလုပ်ခြင်းဖြင့် main system အတွင်းမှ ဖယ်ရှားလိုက်ခြင်းကို ဆိုလိုသည်။
• 1 BAG = Sale Item 100,000
• Data များလာပါက Backup + Restart ဖြင့် ပုံမှန်စျေးနှုန်းအတိုင်း ပြန်လည်အသုံးပြုနိုင်သည်။
• စရင်းအဟောင်း၊ လက်ကျန်၊ Customer/Supplier ဒေတာ၊ Product Code — အားလုံး မဆုံးရှုံးစေဘဲ ဆက်လက်ထိန်းသိမ်းနိုင်သည်။